အာဟာရချို့တဲ့လို့ အိန္ဒိယ ကလေးသူငယ် ၃သိန်းလောက် သေဆုံးရနိုင်

အာဟာရချို့တဲ့လို့ အိန္ဒိယ ကလေးသူငယ် ၃သိန်းလောက် သေဆုံးရနိုင်

အိန္ဒိယနိုင်ငံမှာ အာဟာရချို့တဲ့မှုနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးရာမှာ အားနည်းမှုတွေကြောင့် လာမယ့် ၆ လ လောက်အတွင်းမှာ ကလေးသူငယ်ပေါင်း ၃ သိန်းနီးပါး အသက်ဆုံးရှုံးရဖွယ် ရှိတယ်လို့ ဂျွန်စ်ဟော့ကင်း တက္ကသိုလ်ရဲ့ လေ့လာချက်ထဲမှာ ဖော်ပြထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမှတ်ထားတဲ့ လော့ခ်ဒေါင်းတွေကြောင့် စားနပ်ရိက္ခာ ရှားပါးမှုတွေ ပိုဆိုးလာခဲ့သလို နေ့စားအလုပ်နဲ့ အသက်မွေးရသူတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

လူသန်းပေါင်းများစွာဟာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပြီး သူတို့ရဲ့ မိသားစုတွေကို ကျွေးမွေးနိုင်ဖို့ အခက်ကြုံနေရပါတယ်။ ဒေလီမြို့တော်က ဘီဘီစီ သတင်းထောက် Divya Arya ရဲ့ သတင်းကို မရီရီအောင်က ပြောပြမှာပါ။