နာဆာရဲ့ အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ် စတင်

နာဆာက အင်္ဂါဂြိုဟ် မှာ တချိန်က သက်ရှိတွေ ရှိခဲ့တဲ့ အထောက်အထားတွေကို ရှာဖွေဖို့ အတွက် လေ့လာရေး အာကာသခရီးစဉ် တခုကို လွှတ်တင်လိုက်ပါတယ်။ အဲဒီ အာကာသယာဉ်ဟာ အင်္ဂါဂြိုဟ်ဆီကို ၇ လ ကြာ ခရီးနှင်ရမှာ ဖြစ်ပါတယ်။ အင်္ဂါဂြိုဟ်မှာ လေ့လာမှုတွေ လုပ်သွားမယ့် ဂြိုဟ်မျက်နှာပြင်သွား စက်ရုပ်ယာဉ်ကို ဂြိုဟ်ပေါ်ကို ခက်ခက်ခဲခဲ ဆင်းသက်ရတာကို ယူပြီး Perseverance လို့ အမည်ပေးထားပါတယ်။ ဒီခရီးစဉ်အပါအဝင် လတ်တလော အင်္ဂါဂြိုဟ်ဆီ ဦးတည်သွားနေတဲ့ အာကာသ လေ့လာရေး ခရီးစဉ် ၃ ခု ရှိပါတယ်။ မသီဒါနွယ်က ဆက်ပြောပြမှာပါ။