အင်္ဂလန်မှာ မိနစ် ၉၀ အတွင်း ကိုရိုနာ ဗိုင်းရပ်စ် ရှိ မရှိကို စစ်ပေးနိုင်တော့မယ်

ကိုရိုနာဗိုင်းရပ်စ်နဲ့ တုတ်ကွေး ရောဂါပိုးတွေကို မိနစ် ၉၀ အတွင်း ရှိ မရှိ စစ်ဆေး ပေးနိုင်မယ့် နည်း ၂ ခုကို လာမယ့် သီတင်းပတ်ထဲမှာ အင်္ဂလန်က ဆေးရုံ တော်တော်များများမှာ စတင် အသုံးပြုကြမှာဖြစ်ပါတယ်။ အဲဒီ စစ်ဆေးနည်းတွေဟာ လက်ရှိသုံးနေတဲ့ တို့ဖတ်ယူပြီး စစ်တာထက် ပိုစိတ်ချရပြီး ရာနှုန်းပြည့်နီးပါး မှန်ကန်မှုရှိတယ်လို့ ဆိုပါတယ်။ အဲဒီ နည်းလမ်းသစ်တွေနဲ့ လူအများအပြားကို စစ်ပေးဖို့ရော ဖြစ်နိုင်မလား ဆိုတဲ့ မေးခွန်းတွေလည်း ရှိနေပါတယ်။ ကိုမိုးမြင့်က ပြောပြမှာပါ။