ဘေရွတ်မှာ ပေါက်ကွဲမှုကြီးဖြစ်၊ လူ ၁၀၀ ကျော်သေဆုံး

လက်ဘနွန်နိုင်ငံက ဘေရွတ်မြို့တော်မှာ အင်္ဂါနေ့က ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့ရာမှာ ဆိပ်ကမ်းဧရိယာအတွင်း အပျက်အစီး များပြားခဲ့ပြီး အသက်ရှင်ကျန်နိုင်မယ့် သူတွေကိုလည်း ကယ်ဆယ်ရေး အဖွဲ့တွေက ရှာဖွေနေကြပါတယ်။

ပေါက်ကွဲမှုကြောင့် သေဆုံးသူ ဦးရေဟာ ၁၀၀ ထက်မနည်းရှိမယ်လို့ ကြက်ခြေနီအဖွဲ့က ပြောပါတယ်။ ဒဏ်ရာရရှိသူ ၄၀၀၀ ကျော်ရှိပါတယ်။

လက်ဘနွန် သမ္မတက အဲဒီ ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ ဆိပ်ကမ်းက ကုန်လှောင်ရုံထဲမှာ အမိုနီယံ နိုက်ထရိတ် တန် ၂ ထောင်လောက်ကို မလုံမခြုံ ထားခဲ့တာ ၆ နှစ်ကျော် ရှိနေခဲ့ပြီလို့ ဆိုပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ဆိုင်ရာ သတင်းထောက် ဂျရမီဘိုဝင် ပေးပို့ ထားတဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။

အခုသတင်းမှာ စိတ်အနှောင့်အယှက်ဖြစ်ရာ ပုံရိပ်တွေ ပါတဲ့ အကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။