တရုတ်ပြည်မှာ အလုပ်အကိုင် ရှားပါးလာ

တရုတ်ပြည်က မြို့ကြီးတွေမှာ တက္ကသိုလ်ဘွဲ့ရတွေ ကျောင်းပြီးပေမယ့် အလုပ်ရှာမရ ဖြစ်နေကြပါတယ်။

စီးပွားရေး အချက်အချာကျတဲ့ ရှန်ဟိုင်းလို မြို့ကြီးတွေ အပါအဝင် တရုတ်ပြည်တွင်း မှာသာမက ပြည်ပမှာပါ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ချခဲ့ရတဲ့ လော့ခ်ဒေါင်းတွေရဲ့ နောက်ဆက်တွဲ စီးပွားကျဆင်းမှုတွေကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ရှားပါးလာနေပါတယ်။

ဒါကြောင့်လည်း တချို့ ဘွဲ့ရလူငယ်တွေဟာ ကိုယ့်ရပ်ကိုယ့်ရွာတွေကို ပြန်နေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်အစိုးရ ကတော့ ဒီလို ပူပူနွေးနွေး ဘွဲ့ရလူငယ်တွေမှာ အလုပ်အကိုင် အရှာရခက်နေတယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ်လက်မခံချင်ပါဘူး။ ကိုသိမ်းမြတ်က ပြောပြမှာပါ။