ရီပတ်ပလစ်ကန် ညီလာခံမှာ ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် အတည်ပြု

ရီပတ်ပလစ်ကန် ညီလာခံမှာ ဒေါ်နယ်ထရမ့်ကို သမ္မတလောင်းအဖြစ် အတည်ပြု

အမေရိကန် ပြည်ထောင်စုမှာ ရီပတ်ပလစ်ကန် ပါတီရဲ့ ညီလာခံ ကျင်းပနေပြီ ဖြစ်ပြီး လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒဲန်သာ ဒေါ်နယ်ထရမ့်ကို နိုင်သွားခဲ့ရင် တိုင်းပြည်အနာဂတ် ဘာတွေ ဖြစ်လာနိုင်တယ်ဆိုပြီး သတိပေးတာတွေပါ လုပ်ခဲ့ကြပါတယ်။

ညီလာခံမှာ မိန့်ခွန်းပြောကြားသူတွေက မစ္စတာ ဘိုင်ဒန်ဟာ လက်ဝဲယိမ်း ခေါင်းဆောင် တယောက် ဖြစ်လာနိုင်တယ်လို့ ပြောကြပါတယ်။ နောက်ပြီး ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို သမ္မတ ထရမ့် ကိုင်တွယ်ပုံတွေနဲ့ ပတ်သက်လို့လည်း ကာကွယ် ပြောကြားခဲ့ကြပါတယ်။ မစ္စတာ ထရမ့်ကြောင့် လူမျိုးရေး ကွဲပြားမှုတွေ ပိုဖြစ်လာပြီး စာနာစိတ်နည်းပါးမှုတွေ များလာတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ပယ်ချခဲ့ကြပါတယ်။

ကိုထွေးက ပြောပြမှာပါ။