Charlie Hebdo အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို ရုံးထုတ်

Charlie Hebdo အကြမ်းဖက်မှုနဲ့ ပတ်သက်သူတွေကို ရုံးထုတ်

ပြင်သစ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က Charlie Hebdo မဂ္ဂဇင်းတိုက်နဲ့ ဂျူး စူပါမားကက်ကို အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး လူ ၁၄ ယောက်ကို ပါရီမြို့တော်မှာ ဒီနေ့ ရုံးတင် စစ်ဆေးခဲ့ပါတယ်။

ပါရီမြို့တော်နဲ့ အနီးတဝိုက်မှာ ၃ ရက်ကြာ ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုတွေ အတွင်းမှာ လူ ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ပြင်သစ် တလွှားမှာ တုန်လှုပ်သွားခဲ့ရပြီး လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို ကာကွယ်ဖို့ လူထုချီတက်ပွဲကြီးတွေ၊ ဆန္ဒပြပွဲကြီးတွေ ပါ ဆက်ဖြစ်ခဲ့ပါတယ်။

အခုသတင်းမှာ တိုက်ခိုက်မှု ကြုံခဲ့ရစဉ်က ပုံတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ မသီဒါနွယ်က ပြောပြမှာပါ။