အိန္ဒိယမှာ ဗိုင်းရပ်စ်ရှိမရှိ ဆေးစစ်ခံဖို့ ငြင်းဆန်မှုတွေရှိ

အိန္ဒိယမှာ ဗိုင်းရပ်စ်ရှိမရှိ ဆေးစစ်ခံဖို့ ငြင်းဆန်မှုတွေရှိ

အိန္ဒိယမှာ ကိုဗစ် -19 ကူးစက်မှုတွေဟာ စံချိန်တင်အောင် မြင့်တက်လာနေချိန်မှာပဲ နိုင်ငံမြောက်ပိုင်းက ပန်ဂျပ်ပြည်နယ်ထဲက ကျေးရွာတွေမှာတော့ ဆေးစစ်ဖို့ကို ငြင်းဆန်မှုတွေ ရှိနေပါတယ်။

အိန္ဒိယမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၄ သန်းကျော်နေပြီ ဖြစ်ပြီး အခုဆို ကျေးလက်ဒေသတွေအထိပါ ပျံ့နှံ့လာနေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် တချို့ ကျေးလက် လူထုတွေက ဆေးစစ်ဖို့ အတွက် ကြိုးစားကြတဲ့ ကျန်းမာရေး ၀န်ထမ်းတွေကို လက်မခံဘဲ အပြင်းအထန် ငြင်းဆန်တာမျိုးတွေတောင် ရှိနေပါတယ်။

ကိုရင်မောင် က ပြောပြမှာပါ။