ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒဲ ဆုဂ ကိုရွေးချယ်

ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ်အဖြစ် ယိုရှီဟီဒဲ ဆုဂ ကိုရွေးချယ်

ဂျပန်အောက်လွှတ်တော်က ယိုရှီဟီဒဲ ဆုဂ ကိုဝန်ကြီးချုပ် သစ်အဖြစ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က အာဏာရ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီ ဥက္ကဌနေရာကို ရရှိခဲ့ပြီးနောက် အခု ဝန်ကြီးချုပ်သစ်အဖြစ် သူ့ရှေ့က တာဝန်ထမ်းဆောင်ခဲ့တဲ့ မစ္စတာ ရှင်ဇိုအာဘဲ ရဲ့ နေရာမှာ ဆက်ခံမှာ ဖြစ်ပါတယ်။ မစ္စတာ ဆုဂ ဟာအရင် ကက်ဘိနက် အဖွဲ့ရဲ့ အတွင်းရေးမှူးလည်း ဖြစ်ခဲ့ပြီး သူဟာ နှစ်လိုဖွယ်ကောင်းတဲ့ ခေါင်းဆောင် တယောက်ထက် ခပ်ပြတ်ပြတ် လုပ်ကိုင်တတ်သူတယောက်အဖြစ် လူသိများသလို သံတမန်ရေး အတွေ့အကြုံလည်း သိပ်မရှိသူ ဖြစ်ပါတယ်။ သူက အပြောင်းအလဲကြီး လုပ်ဖို့ထက် လက်ရှိ အခြေအနေကိုပဲ ဆက်ထိန်းပြီး လုပ်ကိုင်သွားမယ်လို့ ပြောထားတာကြောင့် နှုတ်ထွက်ကြမယ့် လက်ရှိ ကက်ဘိနက် အဖွဲ့ဝင်တွေထဲက ထက်ဝက်လောက်ကို ဆက်ထိန်းထားမယ်လို့ ယူဆနေကြပါတယ်။ ကိုထွေးက ပြောပြမှာပါ။