နာဂေါ်နိုကာရာဘတ်ခ် စစ်ပွဲတွေကြားက မိသားစု

နာဂေါ်နိုကာရာဘတ်ခ် စစ်ပွဲတွေကြားက မိသားစု

ရုရှား သမ္မတ ပူတင်က နာဂေါ်နို ကာရာဘတ်ခ် ဒေသမှာ အာမေးနီးယားနဲ့ အာဇာဘိုင်ဂျန်တို့အကြား တိုက်ခိုက်နေကြတာတွေ ရပ်ကြဖို့ တောင်းဆိုလိုက်ပါတယ်။

အီရန်ကလည်း အဲဒီ စစ်မီးဟာ ဒေသတွင်းအထိပါ ပျံ့နှံ့လာနိုင်ကြောင်း သတိပေးလိုက်ပါတယ်။

ရုရှား၊ ပြင်သစ်နဲ့ အမေရိကန် ပြည်ထောင်စုတို့ က စေ့စပ်ညှိနှိုင်းရေးမှူး တွေလည်း ဂျနီဗာမြို့မှာ အဇာဘိုင်ဂျန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။

အဲဒီက စစ်ပွဲကြား ညပ်နေတဲ့ မိသားစုတွေရဲ့ အခြေအနေကို မစန္ဒာဝင်းက ပြောပြမှာပါ။