အာဖဂန်မှာ သြစတြေးလျစစ်သားတွေ စစ်ရာဇဝတ်မှုကျူးလွန်

အာဖဂန်မှာ သြစတြေးလျစစ်သားတွေ စစ်ရာဇဝတ်မှုကျူးလွန်

အာဖဂန်နစ္စတန် အရပ်သား နဲ့ အကျဥ်းသား အနည်းဆုံး သုံးဆယ့်ကိုးယောက်လောက်ကို သြစတြေးလျ အထူးတပ်ဖွဲ့ဝင်တွေက ဥပဒေမဲ့ သတ်ဖြတ်မှုတွေ ရှိခဲ့တယ် ဆိုတဲ့အတွက် သြစတြေးလျ ဝန်ကြီးချုပ်က ဝမ်းနည်းစကားဆိုခဲ့ကြောင်း အာဖဂန်နစ္စတန် သမ္မတရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီအရပ်သားတွေကို သတ်ဖြတ်တဲ့ လုပ်ရပ်ဟာ ခွင့်မလွှတ်ထိုက်တဲ့ လုပ်ရပ်ဖြစ်ပေမယ့် သတ်ဖြတ်ခံရသူတွေအတွက် တရားမျှတမှု ရရှိအောင်ကြိုးပမ်းသွားမယ်လို့လည်း အာဖဂန်နစ္စတန် ဘက်က ပြောပါတယ်။

၂၀၀၅ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အတွင်းမှာ သြစတြေးလျ အထူးတပ်ဖွဲ့ဝင် ၂၅ယောက်လောက်ဟာ ဥပဒေမဲ့ သတ်ဖြတ်မှုတွေမှာ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ပြီးတော့သော်လည်းကောင်း ပါဝင်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ခုက ရှာဖွေတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ကိုမိုးမြင့်က ပြောပြပေးမှာပါ။