ဖင်လန်က ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်

ဖင်လန်က ကမ္ဘာ့ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ်

ဖင်လန် နိုင်ငံရဲ့ ဝန်ကြီးချုပ် ဆန်နာ မာရင်း ဟာ ကမ္ဘာမှာ အသက်အငယ်ဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ပါတယ်။ သူဟာ ပါတီ၅ ပါတီက အမျိုးသမီး ခေါင်းဆောင်တွေနဲ့ စုပေါင်း ဖွဲ့စည်းထားတဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ကို ဦးဆောင်သူ နေသူပါ။ လက်ရှိအချိန်မှာ ဆိုရင်လည်း ဖင်လန် နိုင်ငံဟာ တန်းတီညီမျှရေး ဥပဒေ တစ်ခုကို ပြဌာန်းဖို့ ပြင်ဆင်နေပါတယ်။ ဒီဥပဒေဟာ လိင်ပြောင်းလဲထားသူတွေကို ခွဲခြားတဲ့ဥပဒေဆိုပြီးတော့ဝေဖန်မှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ဒီဥပဒေအပေါ်မှာ အမျိုးသမီး ဝန်ကြီးချုပ် တစ်ယောက် အနေနဲ့ ဘယ်လို သဘောထားပါသလဲ။ အသက်အငယ်ဆုံး ဖင်လန်ဝန်ကြီးချုပ်ကို ဘီဘီစီက သီးသန့်တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပါတယ်။ မသီဒါနွယ်က ဆက်ပြီးပြောပြပေးမှာပါ။