ဂျာမနီက ဒုတိယ ကမ္ဘာစစ် လက်ကျန် အသားအရောင်ကွဲသူတွေ ခွဲခြားခံရ

ဂျာမနီက ဒုတိယ ကမ္ဘာစစ် လက်ကျန် အသားအရောင်ကွဲသူတွေ ခွဲခြားခံရ

ဂျာမနီ နိုင်ငံဟာ ၁၉၄၅ ခုနှစ်မှာ စစ်ရှုံးလို့ မဟာမိတ်တပ်တွေရဲ့ အုပ်ချုပ်မှုအောက်မှာ ရောက်ရှိခဲ့ပါတယ်။ အဲဒီတုန်းက မဟာမိတ် တပ်ဖွဲ့ထဲက အမေရိကန်တပ်ထဲမှာ လူမည်း စစ်သားတွေလည်း ပါဝင် စစ်မှုထမ်းခဲ့ကြတာပါ။ အဲဒီလူမည်း စစ်သားတွေဟာ ဂျာမနီမှာ ကာလရှည်ကြာ တပ်စွဲထားရတဲ့ အတွက် အဲဒီမှာ နေထိုင်ခဲ့ရပါတယ်။ ကြာတော့ ဒေသခံ ဂျာမန် အမျိုးသမီးတွေနဲ့ အိမ်ယာထူထောင်မှုပြုခဲ့ကြပါတယ်။ လက်ရှိအချိန်မှာ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာ ပေါက်ဖွားလာတဲ့ အသားအရောင်ကွဲပြားတဲ့ မျိုးဆက်သစ် တွေဟာ ခွဲခြားမှုတွေ၊ ဘက်လိုက်မှုတွေကို ခံစားခဲ့ကြရပါတယ်။ အဲဒီက အီကာ ဆိုတဲ့ အမျိုးသမီးကြီးရဲ့ အကြောင်းကို ကိုထွေးက ပြောပြပေးမှာပါ။