ယူကေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

ယူကေမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ

ယူကေမှာ ဒီဇင်ဘာလ ၈ ရက်မှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေ စတင် ထိုးနှံပြီ ဖြစ်ပါတယ်။ အသက် ၉၀ အရွယ် အဖွား မာဂရက်ကီန်းနန်ဟာ ဖိုင်ဇာ ကုမ္ပဏီက ထုတ်လုပ်တဲ့ ဒီ ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ကမ္ဘာပေါ်မှာ ပထမဆုံး ထိုးနှံပေးခံရသူ ဖြစ်လာပါတယ်။ ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ္စ ဂျွန်ဆင်က ဒါဟာ ကိုဗစ် - ၁၉ တိုက်ဖျက်ရေးမှာ အင်မတန်အရေးကြီးတဲ့ ခြေလှမ်းကြီး တရပ်လည်း ဖြစ်တယ်လို့ ပြောပါတယ်။ ယူကေမှာ ကိုဗစ်ကြောင့် သေဆုံးရသူပေါင်း ၆၀၀၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

ကိုဘိုဘိုက ပြောပြမှာပါ။