တရုတ် ဝါဂွမ်းလုပ်ငန်းမှာ ဝိဂါတွေကို အတင်းအကြပ် ခိုင်းစေမှုတွေ ရှိသလား

တရုတ် ဝါဂွမ်းလုပ်ငန်းမှာ ဝိဂါတွေကို အတင်းအကြပ် ခိုင်းစေမှုတွေ ရှိသလား

တရုတ်ပြည် အနောက်ပိုင်းက ရှင်ကျန်းဒေသမှာ အာဏာပိုင်တွေက ဝိဂါ တွေအပါအဝင် လူနည်းစုတွေကို ဝါဂွမ်းနဲ့ ချည်မျှင် လုပ်ငန်းတွေမှာ အတင်းအကြပ်ခိုင်းစေမှုတွေ ရှိနေတဲ့ အချက်အလက်တွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။ တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ ကမ္ဘာ့ ဝါချည်မျှင်လုပ်ငန်းရဲ့ ၅ ပုံ ၁ ပုံရှိတဲ့ တရုတ်မှာ အတင်းအကြပ် ခိုင်းစေမှုတွေဟာ အရင်က ထင်ထားတာထက် ပိုများနေနိုင်တယ်ဆိုတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာလည်း ဝီဂါ တသန်းကျော်ကို ပြန်လည် ပညာပေးရေး စခန်းတွေမှာ ထိန်းသိမ်းထားတာမျိုးတွေ ရှိနေတယ်လို့ ယူဆမှုတွေလည်း ရှိနေပါတယ်။ တရုတ်ကတော့ နှိပ်စက်ညှင်းပန်းတာ၊ သားကြောဖြတ်တာနဲ့ ကိုယ်ဝန်ဖျက်ချခိုင်းတာမျိုးတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။ အခုနောက်ဆုံး တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့လည်း အတင်းအကြပ် ခိုင်းစေမှုတွေရှိတယ်ဆိုတာ လုပ်ကြံ ဖန်တီးမှုတွေဟာ ဖြစ်ကြောင်း ငြင်းဆိုထားပါတယ်။

ဘီဘီစီရဲ့ တရုတ်ပြည်ဆိုင်ရာ သတင်းထောက် ဂျွန်ဆဒ်ဝသ်က သတင်းထောက်တွေ စောင့်ကြည့်ခံရလေ့ရှိတဲ့ ရှင်ကျန်းဒေသကနေ ပေးပို့ထားတဲ့ အထူးသတင်းလွှာကို ကိုရင်မောင်က ပြောပြမှာပါ။