အမေရိကန် အနာဂတ် နိုင်ငံရေး နဲ့ သမ္မတ ထရမ့်

အမေရိကန် အနာဂတ် နိုင်ငံရေး နဲ့ သမ္မတ ထရမ့်

လွန်ခဲ့တဲ့ ၄နှစ်မှာတုန်းကတော့ သမ္မတ ကျမ်းသစ္စာကျိမ်ဆိုပွဲမှာ အမေရိကန်ရဲ့ နိုင်ငံရေးကို ပြောင်းလဲပစ်မယ်ဆိုပြီး လွှတ်တော်အဆောက်အအုံရှိရာ ကုန်းမြင့်ကနေ ဒေါ်နယ် ထရမ့်က ကြွေးကြော်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ သမ္မတ သက်တမ်းကတော့ အကြမ်းဖက်မှုပုံရိပ် တချို့နဲ့ ကုန်ဆုံးရတော့မှာဖြစ်ပါတယ်။ ဒီလို အကြမ်းဖက်မှုပုံရိပ်တွေက အနာဂတ် အမေရိကန် နိုင်ငံရေး မှာ ဒေါ်နယ် ထရမ့် ရဲ့ အခန်းကဏ္ဍက ဘယ်လို ဆက်ဖြစ်လာနိုင်မှာပါလဲ။ မြောက်အမေရိက ဆိုင်ရာ ဘီဘီစီ သတင်းထောက် နစ် ဘရန့် ရဲ့ သတင်းကို ကိုမင်းထက်က ဆက်ပြီးပြောပြပေးမှာပါ။