ဆွီဒင်ရဲ့ ကိုရိုနာ သံမဏိပန်း

ဆွီဒင်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်ထိန်းချုပ်နိုင်ဖို့ အကြီးအကျယ် လော့ဒေါင်းချ စည်းကမ်းကန့်သတ်မှုကြီးမလုပ်ဘဲ လူတွေအချင်းချင်း ခပ်ခွာခွာ နေကြဖို့ကို ထိရောက်အောင်လုပ်တဲ့နိုင်ငံ နည်းနည်းလေးထဲက တစ်နိုင်ငံဖြစ်ပါတယ်။

ဆွီဒင်မှာ ဗိုင်းရပ်စ်ကူစက်သူ လေးသိန်း သုံးသောင်းကျော်ရှိပြီး သေဆုံးသူ ရှစ်ထောင် ခုနှစ်ရာ ကျော်ရှိပါတယ်။ ဒါက စကင်ဒီနေးဗီးယားဒေသတွင်းက သူ့အိမ်နီချင်း နိုင်ငံတွေထက် တော်တော် ပိုများပါတယ်။

အခု ဆွီဒစ်ရှ် အနုပညာရှင်တစ်ယောက်က ဗိုင်းရပ်စ်ကြောင့် သေဆုံးခဲ့ရသူ တချို့ကို သူ့အနုပညာဖန်တီးမှုနဲ့ အမှတ်တရ ဂုဏ်ပြုထားတဲ့အကြောင်း ကိုမင်းထက် ပြောပြပေးပါမယ်။