အာဖဂန်နစ္စတန်စစ်ပွဲနဲ့ အမေရိကန်တပ်ရုပ်သိမ်းမှု

အမေရိကန်တို့ရဲ့ အရှည်ကြာဆုံး စစ်ပွဲ တစ်ခု ဖြစ်တဲ့ အာဖဂန်နစ္စတန်မှာ နှစ်ပေါင်း၂၀ နီးပါးကြာ တပ်စွဲခဲ့ပြီးနောက်မှာတော့ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ကို အပြီးတိုင်ရုပ်သိမ်းဖို့ ပြင်ဆင်နေပါပြီ။

အမေရိကန် စစ်သား နှစ်ထောင့်ငါးရာလောက် အာဖဂန်နစ္စတန်ကနေ သောကြာနေ့နောက်ဆုံးထားပြီး အပြီးထွက်ခွာသွားကြမှာဖြစ်ပါတယ်။ ဒါပေမယ့် အာဖဂန်နစ္စတန်မှာ အကြမ်းဖက်မှုတွေ ပြန်လည်ပေါ်ပေါက်နေတဲ့အချိန်၊ လူမှုကူညီထောက်ပံ့ရေးလိုအပ်နေဆဲ ဖြစ်တဲ့ အချိန်မှာ အမေရိကန်တပ်တွေ မဆုတ်ခွာသင့်ဘူး ဆိုတဲ့ ထောက်ပြမှုတွေ လည်း ရှိနေပါတယ်။

ကဘူးလ်မြို့က ဘီဘီစီ သတင်းထောက် ရိုဂီတာ လီမာရီ ပေးပို့လိုက်တဲ့ သတင်းကို မသီဒါနွယ်က ပြောပြပေးမှာပါ။ ဒီသတင်းမှာ စိတ်အနှောက်အယှက်ဖြစ်စရာ ပုံရိပ်တွေပါဝင်နိုင်ကြောင်း ကြိုတင် သတိပေးအပ်ပါတယ်။