အနာဂတ် မိုးပျံကားနဲ့ ကလစ်နည်းပညာ

အနာဂတ် ကာလမှာ အသုံးပြုဖို့အတွက် မိုးပျံကားတွေကို ကားကုမ္ပဏီကြီးတွေက တီထွင်ဖန်တီးလာကြပါပြီ။ တစ်ခါ ဆေးဝန်ထမ်းတွေ ခပ်လှမ်းလှမ်းကနေ ကိုဗစ် စစ်ဆေးနိုင်ဖို့ တရုတ်နိုင်ငံကလည်း စက်ရုပ် လက်မောင်း တစ်ခုကို ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ အတူ ကမ္ဘာတစ်လွှားက တီထွင်ဖန်တီးမှုသတင်းတွေကိုတော့ ကလစ်နည်းပညာ အစီအစဉ်မှာ မရီရီအောင်က ပြောပြထားပါတယ်။