မြန်မာနိုင်ငံတဝန်း သွေးမြေကျခဲ့ရတဲ့ နေ့ရက်များ

မြန်မာနိုင်ငံတဝန်း သွေးမြေကျခဲ့ရတဲ့ နေ့ရက်များ

မြန်မာနိုင်ငံတဝန်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေကြတဲ့ အရပ်သားပြည်သူတွေကို အာဏာပိုင်ဘက်က ပစ်ခတ်ဖြိုခွင်းမှုကြောင့် သွေးမြေကျခဲ့ရတဲ့ ရက်တွေ အခုအချိန်ထိ ဆက်ရှိနေဆဲပါ။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် မတ်လ ၁၄ ရက်နေ့ တရက်တည်း ကျဆုံးခဲ့ရသူပေါင်း ၄ဝ ထက်မနည်းရှိခဲ့ပြီး လက်ရှိဆန္ဒပြပွဲတွေတလျှောက် ထိခိုက်သေဆုံးမှု အများဆုံးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ပြည်သူတွေကတော့ လမ်းမတွေပေါ်မှာ အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန်နေကြပြီး ဒီကနေ့မှာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ ဖြိုခွင်းမှုကြောင့် အနည်းဆုံး ဆန္ဒပြသမား ၁ဝ ဦး သေဆုံးခဲ့ပြန်ပါတယ်။

နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ နောက်ဆက်တွဲအခြေအနေတွေကို ဘီဘီစီ သတင်းထောက် ကိုဟိန်းကိုစိုးက ပြောပြပေးမှာပါ။