ဆန္ဒပြသမားတွေ ဘယ်လိုခုခံကာကွယ်ကြမလဲ

ဆန္ဒပြသမားတွေ ဘယ်လိုခုခံကာကွယ်ကြမလဲ

စစ်တပ်နဲ့ ရဲရဲ့ ပစ်ခတ်နှိမ်နင်းမှုတွေကြောင့် လူသေဆုံးမှုတွေကလည်း တနေ့တခြား တိုးလာနေချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ၊ အထွေထွေသပိတ်ကော်မတီ GSC၊ အထွေထွေသပိတ်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ GSCC တို့က ဆန္ဒပြသူတွေ အကြမ်းဖက်ဖြိုခွင်းခံလာရရင် မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ရှိတယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။

သေနတ်ကိုင်ထားတဲ့သူတွေကို လက်နက်မဲ့ ဆန္ဒပြသူတွေအနေနဲ့ ဘယ်လို ခုခံကာကွယ်နိုင်မှာပါလဲ။

အထွေထွေသပိတ်ကော်မတီ စည်းရုံးရေးကော်မတီအဖွဲ့ဝင် ကိုကျော်ကိုကို ကို ကိုသိမ်းမြတ်က ဆက်သွယ်မေးမြန်းထားပါတယ်။