စစ်တပ်ပစ်လို့ ကျဆုံးခဲ့သူ ၅၀၀ကျော် အတွက် နွေဦး ပန်းသပိတ်

စစ်တပ်ပစ်လို့ ကျဆုံးခဲ့သူ ၅၀၀ကျော် အတွက် နွေဦး ပန်းသပိတ်

စစ်အာဏာသိမ်းတာ ရက်ပေါင်း ၆၀ ကျော်ကြာမြင်တဲ့ အချိန်မှာတော့ အာဏာသိမ်း ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ ရဲတွေရဲ့ ပစ်ခတ် နှိမ်နှင်းမှုတွေကြောင့် သေဆုံးရသူ အရေအတွက်က ၅ရာကျော် အထိ ရှိနေပြီ ဖြစ်ပါတယ်။

ဒီကနေ့ ဧပြီလ ၂ရက်နေ့မှာတော့ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် ကျဆုံးသွားသူတွေကို ရည်ရွယ်ပြီး နေရာ အတော်များများမှာ ပန်းသပိတ်ကိုပြုလုပ်ခဲ့ပါတယ်။

ဒီလိုပန်း သပိတ်တွေကိုလည်း နှိမ်နှင်းမှုတွေကလည်း ရှိခဲ့ပြန်ပါတယ်။ ဒီအကြောင်းအပါအဝင် နိုင်ငံတဝန်းကဆန္ဒပြပွဲအခြေအနေတွေကို ကိုနန္ဒကပြောပြပေးမှာပါ။