စစ်အုပ်ချုပ်ရေး မြို့နယ် ၆ခု အခက်အခဲတွေကြုံနေရဆဲ

စစ်အုပ်ချုပ်ရေး မြို့နယ် ၆ခု အခက်အခဲတွေကြုံနေရဆဲ

မတ်လ (၁၄)ရက်ကစပြီး ရန်ကုန်တိုင်းက လှိုင်သာယာ၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ တောင်ပိုင်း စတဲ့ မြို့နယ် (၆)ခုကို မာရှယ်လော၊ စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာ ၂နှစ်ပတ်ကျော်ကြာလာခဲ့ပါပြီ။

အဲဒီမြို့နယ် တွေမှာ စစ်အင်အားအလုံးအရင်းနဲ့ တင်းတင်းကြပ်ကြပ် ကိုင်တွယ်နေတဲ့ အပြင် ဆန္ဒပြမှု မှန်သမျှကိုလည်း ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့တာဖြစ်ပါတယ်။

အဲဒီ့မှာ နေ့နေ့ညည ကင်းလှည့်တာတွေအပြင်၊ စစ်တပ်က လုံခြုံရေးအင်အားကို တိုးမြှင့်ချထားလို့ လူတွေကြားမှာ ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ဒီအကြောင်းကို မနှင်းမိုက စုစည်း ပြောပြ ပေးထားပါတယ်။