မြန်မာ့ နိုင်ငံရေး အကျပ်အတည်းက ထွက်နိုင်တဲ့လမ်း ရှိပါသလား

မြန်မာ့ နိုင်ငံရေး အကျပ်အတည်းက ထွက်နိုင်တဲ့လမ်း ရှိပါသလား

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်မှာ လတ်တလော ကြုံတွေ့နေရတဲ့ အကျပ်အတည်းက သိပ်ကြီးမားပြီး စိုးရိမ်စရာ အနေအထားအဖြစ် နိုင်ငံတကာက ရှုမြင်ထားပါတယ်။ ဒါကြောင့် ဒီ အကျပ်အတည်းက ထွက်နိုင်တဲ့ လမ်းရော ရှိပါသလား။

ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ဖို့ ဘာတွေပြင်ကြမလဲ၊ ဒီအကျပ်အတည်းက လွန်သွားရင်တောင် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ပြန်မလာအောင် ဘာတွေပြုပြင်ရမလဲ စတာတွေကို ၁၉၈၈ အရေးအခင်းမှာ တက္ကသိုလ်ကျောင်းသားအဖြစ် ပါဝင်ခဲ့ပြီး မြန်မာပြည်ရဲ့ ဒီမိုကရေစီရင်းမြစ်များစာတမ်းနဲ့ တခြားသုတေသနစာတမ်းတွေရေးသားခဲ့သူ အမေရိကန် ပြည်ထောင်စု မင်နီဆိုတာ ပြည်နယ် ကာလ်တန် ကောလိပ်က နိုင်ငံရေးသိပ္ပံဌာန တွဲဘက် ပါမောက္ခ ဒေါက်တာ ထွန်းမြင့်ကို ကိုဘိုဘိုက ဆက်သွယ်မေးကြည့် ပါတယ်။