ကရင်စစ်ဘေး ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေများ

ကရင်စစ်ဘေး ဒုက္ခသည်တွေ ရင်ဆိုင်နေရတဲ့ အခြေအနေများ

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ကရင်အမျိုးသား အစည်းအရုံး KNU ထိန်းချုပ်ဒေသတွေအပေါ် စစ်ကောင်စီတပ်တွေရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိုင်း-မြန်မာနယ်စပ်ကို ထွက်ပြေးလာတဲ့ ဒုက္ခသည် တစ်သောင်းကျော်အထိ မြင့်တက်လာခဲ့ပါတယ်။ စစ်ရှောင်လာသူတွေဟာ တောတွေ တောင်တွေထဲမှာ ခက်ခက်ခဲခဲနေထိုင်နေကြရပါတယ်။ သူတို့အတွက် ထိုင်းဘက်ကနေ ပေးပို့တဲ့ လူသားချင်းစာနာမှုအကူအညီတွေကို ထိုင်းအစိုးရက အစောပိုင်းတုန်းက ပိတ်ဆို့ခဲ့ပေမယ့် ဒီနေ့မှာတော့ အကူအညီတွေ သွားပေးခွင့်ရပြီလို့ သိရပါတယ်။ မတ်လ ၂၈ ရက်တုန်းကလည်း လေကြောင်းတိုက်ခိုက်မှုရန်ကနေ ကရင်လူမျိုး ၃၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ အဲဒီထဲက ဒုက္ခသည်တစ်ဦးက သူတို့ ရင်ဆိုင်နေရတဲ့ အခြေအနေကို ဗီဒီယိုရိုက်ပြီး ဘီဘီစီကို ပေးပို့ထားတာ ကြည့်ရအောင်ပါ။