ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မ တခုထပ်တိုး စွဲဆို

စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကို ဧပြီ ၁၂ ရက် ဒီနေ့မှာ နေပြည်တော် ဇမ္ဗူသီရိတရားရုံး မှာ အွန်လိုင်း ဗီဒီယို ကတဆင့် ရုံးထုတ် ခဲ့ပြီး သဘာဝဘေး စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်မံ တရားစွဲဆိုလိုက်ပါတယ်။ဒီနေ့ နေပြည်တော်က တရားရုံးမှာ သမ္မတ ဦးဝင်းမြင့်နဲ့ နေပြည်တော် မြို့တော်ဝန် ဒေါက်တာ မျိုးအောင်တို့ကိုလည်း အွန်လိုင်း ဗီဒီယို လင့်ခ်က တဆင့် ရုံးထုတ်ခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဒေါက်တာ မျိုးအောင် ကျန်းကျန်းမာမာ ရှိတာကို ဗီဒီယိုက တဆင့် မြင်ခဲ့ရတယ်လို့ တရားခွင်မှာ ကိုယ်စားပြုခွင့် ရခဲ့တဲ့ တရားလွှတ်တော် ရှေ့နေ့ ဒေါ်မင်းမင်းစိုးက ပြောပါတယ်။ ဒီနေ့လေးကြိမ်မြောက်ရုံးထုတ်မှာရော ရုံးထုတ်စစ်ဆေးမှုရှိခဲ့ပါသလား၊ မညိုလဲ့ရည်က အမှုမှာ လိုက်ပါဆောင်ရွက်ခွင့် ရထားသူ တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုး ကိုဆက်သွယ်မေးမြန်းထားပါတယ်။