အာဆီယံ မြန်မာ့အရေးဆွေးနွေးပွဲ လူအများဝေဖန်

မြန်မာ့အရေးနဲ့ ပတ်သက်လို့ အာဆီယံ နိုင်ငံက ထိပ်သီးခေါင်းဆောင်တွေ တက်ရောက်ကြမဲ့ အစည်းအဝေးတစ်ရပ်ကို အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာ မြို့မှာ မနက်ဖန် ကျင်းပဖို့ ရှိပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င် အာဆီယံခေါင်းဆောင်တချို့ တက်ရောက်မယ့် ဒီအစည်းအဝေးဟာ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေးအကျပ်အတည်းနဲ့ ပတ်သက်လို့ အဖြေရှာမယ့် ဆွေးနွေးပွဲတစ်ခုဖြစ်ပြီး ရလဒ်ဘယ်လိုထွက်လာမလဲ ဆိုတာကို လူတွေက စိတ်ဝင်စားကြပါတယ်။

အာဆီယံအစည်းအဝေးမှာ စစ်တပ်ရဲ့ ခေါင်းဆောင်ကို ဖိတ်ခေါ်ခဲ့မှုနဲ့ပတ်သက်ပြီးတော့လည်း ဝေဖန်မှုတွေမြင့်တက်နေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖွဲ့စည်းထားတဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို မဖိတ်တဲ့ အတွက် အာဆီယံ အဖွဲ့ဟာ မေးခွန်းထုတ်ခံနေရပါတယ်။

စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှုနဲ့ အမျိုးသား ညီညွတ်ရေး အစိုးရကို မဖိတ်တဲ့အပေါ် လူထုအခြေပြုအဖွဲ့တွေကလည်း ဒီနေ့ ဝေဖန်ကန့်ကွက်ခဲ့ကြပါတယ်။ အကြောင်းစုံကို မအိမ့်ခိုင်ဉီးက ဆက်ပြီး ပြောပြပေးမှာပါ။