အစ္စလမ်ဘာသာရေး ဥပဒေအတိုင်း အမျိုးသမီးအခွင့်အရေးတွေ လေးစားလိုက်နာမယ်လို့ တာလီဘန်ပြော

အစ္စလမ်ဘာသာရေး ဥပဒေအတိုင်း အမျိုးသမီးအခွင့်အရေးတွေ လေးစားလိုက်နာမယ်လို့ တာလီဘန်ပြော

အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တွေ ပြန်လည်သိမ်းပိုက်လိုက်တာကို ဆန့်ကျင်တဲ့အနေနဲ့ Jalalabad မြို့မှာ အာဖဂန် အလံတွေ ဝှေ့ယမ်းပြီး ဆန္ဒပြခဲ့ကြပါတယ်။

ကာဘူးလ်မြို့မှာတော့ ဟာခ်ခါနီ လက်နက်ကိုင်အဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် အန်းနက်စ် ဟာခ်နီနဲ့ အာဖဂန် သမ္မတဟောင်း ဟာမစ် ခါဆိုင်းတို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဖဂန်ကို ပြန်လည်သိမ်းပိုက်ပြီးနောက် ပထမဆုံးအကြိမ် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ရှရီယာ အစ္စလမ် ဘာသာရေး ဥပဒေအတိုင်း အမျိုးသမီးတွေရဲ့ အခွင့်အရေးကို လေးစားလိုက်နာသွားမယ်လို့ တာလီဘန်တို့က ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံတွင်း နောက်ဆုံး အခြေအနေအကြောင်း မရီရီအောင်က ပြောပြပေးမှာပါ။