ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး

ကိုဗစ်ရုံးပိတ်ရက်တွေကြောင့် အမှုတွေကိုနှစ်လကျော်ကြာစစ်ဆေးနိုင်ခြင်းမရှိခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို ဒီကနေ့ ပြန်လည်စစ်ဆေးဖို့ ရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ကျန်းမာရေး အခြေအနေကြောင့် မစစ်ဆေးနိုင်ခဲ့ပါဘူး။

ဒီကနေ့မှာ သမ္မတဦးဝင်းမြင့် ရဲ့ အမှုတွေကိုတော့ တရားလိုပြသက်သေကိုစစ်ဆေးခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကိုဗစ်စည်းမျဉ်းဖောက်တယ်ဆိုပြီး သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ပုဒ်မနဲ့ တရားစွဲခံထားရတဲ့ အမှုအပြင် လိုင်စင်မဲ့ ဆက်သွယ်ရေးပစ္စည်းလက်ဝယ်တွေ့ရှိမှုနဲ့ စွဲထားတဲ့အမှုတွေနဲ့ ဒီနေ့ ကြားနာဖို့ ရှိခဲ့တာပါ။ ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်လို့ ရှေ့နေ ဦးခင်မောင်ဇော်ကို မညိုလဲ့ရည်ဆက်သွယ်မေးမြန်းထားပါတယ်။