မာရီယူပိုးလ် မြို့ခံတွေ ပြောပြတဲ့ အဖြစ်အပျက်တွေ
မာရီယူပိုးလ် မြို့ခံတွေ ပြောပြတဲ့ အဖြစ်အပျက်တွေ
ယူကရိန်း တောင်ပိုင်းက ရုရှားတပ်တွေရဲ့ ထိုးစစ်တွေအကြား ပိတ်မိနေခဲ့ရတဲ့ လူတွေက သူတို့ရဲ့ အတွေ့အကြုံတွေကို ဘီဘီစီကို ပြောပြခဲ့ကြပါတယ်။ ရုရှားတပ်တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်ကြတယ်လို့ အဲဒီက လွတ်မြောက်လာကြသူတွေက ဆိုပါတယ်။ တချိန်တည်းမှာပဲ မော်စကိုက သူတို့ ဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့ကို ထိုးစစ်တွေ အရှိန်မြှင့်လာပါတယ်။ အဲဒီ ဒေသတွေက ပြေးလာရသူတွေနဲ့ ဒဏ်ရာရရှိခဲ့ရသူတွေရဲ့ ပြောပြချက်တွေကို ကိုရင်မောင်က ပြောပြမှာပါ။