BBC Burmese

ပင်မစာမျက်နှာ > သတင်း

ခမာနီ ခေါင်းဆောင်တွေကို ဆက်ရုံးတင် စစ်ဆေး

2011နိုဝင်ဘာလ 23 17:14

ကမ္ဘောဒီးယားနိုင်ငံမှာ ခမာနီ ထိပ်တန်း ခေါင်းဆောင် ၃ဦးကို ကုလသမဂ္ဂ ထောက်ခံ အတည်ပြုတဲ့ ခုံရုံး ရုံးတင် စစ်ဆေးနေ တာ ဗုဒ္ဓဟူးနေ့ မှာ သုံးရက် မြောက်သွားပါပြီ။

အဲဒီ စစ်ဆေး ကြားနာမှု အတွင်းမှာ အဲဒီ ခေါင်းဆောင်နှစ်ဦးက သူတို့အပေါ် စွပ်စွဲထား ချက်တွေကို ပြန်လည် ခုခံ လျှောက်လဲခွင့် ရခဲ့ ကြ ပါတယ်။

ခမာနီ အစိုးရ အုပ်စိုးခဲ့တဲ့ ၁၉၇၀ နှစ်များ တဝိုက် ကာလမှာ ဖိနှိပ်မှု ခံရတာတွေ၊ အစာရေစာ ငတ်မွတ်ခေါင်းပါး မှု တွေကြောင့် ကမ္ဘောဒီးယားမှာ လူပေါင်း သန်းနဲ့ချီ သေဆုံး ခဲ့ရ ပါတယ်။

ဒီအဖြစ်တွေနဲ့ ပတ်သက်ပြီး ခမာနီ ခေါင်းဆောင်တွေ ကိုယ်တိုင် ရှင်းလင်းပြောပြမယ့် စကားတွေကို ကြားရဖို့ ကမ္ဘောဒီးယား ပြည်သူတွေ ဟာ နှစ်ပေါင်း ၃၀ လောက် စောင့်ခဲ့ ကြရ ပါတယ်။

ဒါပေမယ့် အဲဒီလို ရှင်းပြတာကို ကြားကြရမယ့်အစား ခမာနီ ခေါင်းဆောင်တွေက သူတို့ကို အခုလို ရုံးတင် စစ်ဆေးနေတာနဲ့ ပတ်သက်လို့ မကျေမနပ် ပြောသွား ကြတာ ကို ပဲ လူတွေ က ကြားခဲ့ကြရပါတယ်။

ခမာနီ ခေါင်းဆောင်နှစ်ဦးအနက် တဦးဖြစ်တဲ့ နိုင်ငံခြားရေး ဝန်ကြီးဟောင်း Ieng Sary က ဘီးတပ်လှည်းပေါ်ကနေ ကြေညာချက် ကို ဖတ်ပြ သွား ပါတယ်။

နောက် သူက ရင်ဘတ်ကို ဖိပြီး အသက်မရှူနိုင်တော့ဘူး လို့ လည်း ပြောပါတယ်။

ဒါပေမယ့် တရားသူကြီးက သူ့ကို ဆက်ဖတ်ဖို့ ပြောတော့ Ieng Sary က ကြေညာချက်ကို ဆက်ဖတ်ပြီး သူ့ကို ဘာ့ကြောင့် အခုလို ရုံးတင် စစ်ဆေး နေတာလဲလို့ မေးခွန်းထုတ်ခဲ့ ပါတယ်။

ခုံရုံးကနေ ရုံးတင်စစ်ဆေးမှုကို မှန်မှန်ကန်ကန် လုပ်နေတာ မဟုတ်တဲ့အတွက် သူ့အနေ နဲ့ ဒီကြားနာ စစ်ဆေးမှုမှာ ဝင် ပါဖို့ မလိုဘူး လို့ Ieng Sary က ပြောသွားပါတယ်။

နိုင်ငံ အကြီးအကဲဟောင်း Khieu Samphan ကလည်း အတော် ရှည်ရှည်လျားလျား လျှောက်လဲ သွားပြီး တရားရုံးကို လည်း အတော်လေး ဝေဖန် ပြောသွားပါတယ်။

ခမာနီတွေ အာဏာလွှဲယူချိန် ကမ္ဘောဒီးယားနိုင်ငံမှာ ရှိနေတဲ့သတင်းထောက်တွေရဲ့ ထွက်ဆိုခဲ့ချက်တွေအပေါ် မူတည်ပြီး အခုလို စွဲချက်တင် ခဲ့တာ ဟာ မှားတယ်လို့ လည်း သူက ပြောသွား ပါတယ်။

အဲဒီအစစ်ခံချက်တွေဟာ ဘက်လိုက်မှုတွေ ရှိပြီး စိတ်မချရတဲ့ ထွက်ဆိုချက်တွေ ဖြစ်နိုင်တယ် လို့ ပြောသွားပါတယ်။

ဖနွမ်းပင်မြို့ကို ခမာနီ တွေ ဝင်သိမ်းပိုက်ခဲ့မှုကို လွတ်မြောက်မှု အဖြစ် ပြင်သစ် သတင်းစာ တစောင်က ဖေါ်ညွှန်း ပြောဆိုခဲ့တယ်လို့လည်း Khieu Samphan က ထောက်ပြခဲ့ပါတယ်။

ခမာနီတွေရဲ့ သိမ်းပိုက်မှုကို အတော်များများက ထောက်ခံအားပေးခဲ့ကြတယ်လို့လည်း ဆိုပါ တယ်။

အဲဒီ့နောက်မှာ Khieu Samphan ရဲ့ ရှေ့နေတဦးကလည်း လူသန်းပေါင်းများစွာ သေဆုံးခဲ့ ရမှုနဲ့ ပတ်သက်ပြီး ဒီခမာနီ ခေါင်းဆောင် ၃ဦးအပေါ် မှာမှ ဘာ့ကြောင့် အပြစ်ပုံချ ရတာလဲ လို့ မေးခဲ့ပါတယ်။

၁၉၇၀ ပြည့်လွန် ဦးပိုင်းတွေတုန်းက ကမ္ဘောဒီးယားနိုင်ငံကို အမေရိကန် တပ်တွေ ဝင် ဗုံးကြဲ ခဲ့တဲ့အတွက် လူသောင်း သိန်းချီ သေခဲ့ရတာ ကိုတော့ ဘယ်သူကမှ တရားစွဲဆို ခဲ့တာမျိုး မရှိဘူး လို့လည်း သူက ထောက်ပြသွားပါတယ်။

Refresh