BBC Burmese

ပင်မစာမျက်နှာ > နိုင်ငံတကာ

ဘေကျင်းမှာ လေထု ညစ်ညမ်းမှု ဆိုးဝါး

Facebook Twitter
2013ဇန်နဝါရီလ 13 00:21
smog_china

တရုတ် နိုင်ငံက ဘေကျင်း မြို့တော်မှာ ပတ်ဝန်းကျင် လေထု ညစ်ညမ်းမှုဟာ နှစ်ပေါင်းများစွာ အတွင်းမှာ အမြင့်ဆုံး အခြေအနေကို ရောက်ရှိနေပါတယ်။

လေထု သန့်ရှင်းမှု ဆိုင်ရာ တိုင်းတာရေး အာဏာပိုင် တွေက လေထု ညစ်ညမ်းမှု အခြေအနေ တွေကြောင့် ကလေးသူငယ် တွေနဲ့ သက်ကြီး ရွယ်အို တွေကို အပြင်မထွက် ကြဖို့ အတွက်ကို ပန်ကြား ထားကြပါတယ်။

ဘေကျင်း မြို့တော်မှာ မီးခိုး မြူတွေ ဆိုင်းနေခဲ့ တာဟာ ရက်ပေါင်း တော်တော် ကြာနေပြီ ဖြစ်ပြီး လေထု ထဲမှာလည်း ကျောက်မီးသွေးမှုန် တွေနဲ့ မော်တော်ယာဉ် တွေရဲ့ မီးခိုးနံ့တွေပဲ ရနေသလို အိမ်ခန်း တွေထဲမှာတောင် အဲဒီလို အခြေအနေမျိုး ဖြစ်လို့ နေကြောင်း ဘေကျင်းမြို့က ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဒီလေထု ညစ်ညမ်းမှုကြောင့် အသက်ရှူ လမ်းကြောင်းနဲ့ ဆိုင်တဲ့ ကူးစက် ရောဂါ မျိုးတွေ ဖြစ်ပွား နိုင်သလို အဆုတ် ကင်ဆာ ရောဂါ နဲ့ နှလုံး ရောဂါ တွေကြောင့် ဖြစ်ရတဲ့ အသေအပျောက် နှုန်းတွေကို လည်းပိုမို များပြား လာစေနိုင်ပါတယ်။

ဒါကို ဝေမျှပါ

Facebook Twitter
Refresh