သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သောကြာနေ့ မနက်ပိုင်းအစီအစဉ်

ထိပ်တန်းသတင်းများ

• နိုင်ငံရေး ပြုပြင် ပြောင်းလဲမှုတွေ အလုပ်ဖြစ်အောင်မြင်ဖို့ အများပြည်သူ ရဲ့ စီးပွားရေး ဆိုင်ရာ လိုလား တောင့်တချက် တွေကို လည်း ဖြည့်ဆည်း ပေးရလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်-အာဆီယံ စီးပွားရေး ကောင်စီနဲ့ အမေရိကန် ကုန်သွယ်ရေး အသင်း တို့က တည်ခင်း ဧည့်ခံတဲ့ ညစာ စားပွဲမှာ ပြော။

• ဆီးရီးယား နိုင်ငံထဲ မှာ ပြီးခဲ့တဲ့ အပစ်ရပ် သဘောတူမှု သက်ဝင် နေပေမယ့်လည်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီ တွေ လိုအပ် နေတဲ့ နေရာတွေကို ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်း တွေ အရောက် ပို့ မပေးနိုင် ဖြစ်နေရ။

• အမေရိကန် ပြည်ထောင်စုမှာ ဒီမိုကရက်တစ် ပါတီ သမ္မတလောင်း ဟီလာရီ ကလင်တန်ဟာ နျုမိုးနီးယား အဆုပ်အအေးမိ ရောဂါ ကြောင့် နာမကျန်း ဖြစ်ရာ ကနေ အခုတော့ ရွေးကောက်ပွဲ အောင်မြင်ရေး လှုံ့ဆော်မှူ တွေထဲ ပြန်လည် ပါဝင် လာနိုင်ပြီ။

• အစ္စရေး အခြေစိုက် နယ်မြေ အသစ် တွေ တိုးချဲ့တာကို ဆန့်ကျင်သူဟာ လူမျိုးတုန်း သတ်ဖြတ်မှု ကို ထောက်ခံ အားပေး ကြသူတွေ ဖြစ်တယ် ဆိုပြီး အစ္စရေး ဝန်ကြီးချုပ် ဘဲန်ဂျမင် နာတန်ယာဟု က ပြောခဲ့တဲ့ စကား အပေါ် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် ဘန်ကီမွန်းက ပြင်းပြင်းထန်ထန် ဝေဖန်

အပတ်စဉ် အစီအစဉ်

- စီးပွားရေး သုံးသပ်ချက် ကိုရင်မောင် စီစဉ် တင်ဆက်ထားပါတယ်။

ဘီဘီစီရဲ့ အစီအစဉ်တွေကို နားဆင် ဖတ်ရှုပြီး ဝေဖန်အကြံပြု ကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။