သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အင်္ဂါနေ့ ညပိုင်းအစီအစဉ်

ထိပ်တန်း သတင်းများ

- တိုင်းရင်းသား အားလုံး ပါဝင်ရေး တတ်နိုင်သလောက် ဆောင်ရွက်ပေးခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော။

- ဖက်ဒရယ် ပြည်ထောင်စုဆိုတဲ့ စကားလုံး အစား စည်းကမ်းရှိသော ဒီမိုကရေစီကို သုံးဖို့ တပ်မတော်သားကိုယ်စားလှယ်တွေ ပြော။

- ရခိုင်ပြည်နယ်အရေး အကြံပေးကော်မရှင်မှာ နိုင်ငံခြားသား မထည့်ရေး အဆိုကို လွှတ်တော်က ဆွေးနွေးဖို့ လက်ခံ

- စင်္ကာပူ ဇီကာဗိုင်းရပ်စ်ကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အလည်အပတ်မသွားဖို့ အစိုးရတချို့က သတိပေး။

- Apple ကုမ္ပဏီကို အခွန်ထပ်ဆောင်ဖို့ ဥရောပ ကော်မရှင်က ဆုံးဖြတ်။

အထူး အစီအစဉ်

၂၁ ရာစု ပင်လုံနဲ၌ တိုင်းရင်းသားလူငယ်များ စကားဝိုင်း။

လင်းလက်ကြယ်စင် လူငယ် အစီအစဉ်

အခြေအနေ အမျိုးမျိုး ကြားမှာ ဖြတ်သန်းကြရတဲ့ အိမ်ထောင်ရှင်တွေ အကြောင်း လင်းလက်ကြယ်စင် အဖွဲ့သားတွေ တင်ဆက်ပေးထားပါတယ်။

ဘီဘီစီ မြန်မာပိုင်းရဲ့ အစီအစဉ်တွေကို နားဆင်ပြီး ဝေဖန် အကြံပြုကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။