သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇွန်လ ၁၂ ရက် တမိနစ် သတင်းဗီဒီယို

ရခိုင်ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေငြာထားတာ နှစ်ရက်ရှိပေမဲ့ အကြမ်းဖက်မှုတွေ ဆက်ရှိနေပါသေးတယ်၊ မြို့တော်စစ်တွေရဲ့ ရပ်ကွက်တချို့မှာ ရခိုင်နဲ့ မူဆလင် အပြန်အလှန် မီးရှို့မှုတွေ ရှိခဲ့ပြီး ရပ်ကွက်ထဲက လူတွေလဲ ဘေးကင်းရာကို ရွှေ့နေ နေကြပါတယ်၊ ရဲနဲ့ စစ်တပ်ကိုလဲ တိုးချထားပြီး အစိုးရမီဒီယာကတော့ အခုအထိ သေဆုံးသူ ၂၁ ယောက်ရှိပြီလို့ ကြေငြာပါတယ်။

ရုရှားမှာတော့ အစိုးရဆန့်ကျင်တဲ့ ဆန္ဒပြသူတွေဟာ မြို့တော် မော်စကိုကို ဖြတ်ပြီး ချီတက်လို့ ရွေးကောက်ပွဲ အသစ်တွေ ကျင်းပဖို့ သမ္မတအသစ်ကို ရွေးကောက် တင်မြှောက်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ အရင် တရက်ကလဲ ရဲတွေက ထင်ရှားတဲ့ လှုပ်ရှား တက်ကြွသူ တချို့ရဲ့ အိမ်တွေကို ဝင်ရောက် စီးနင်းရှာဖွေခဲ့ပါတယ်။ အမေရိကန်ကတော့ ဒီလုပ်ရပ်ကို လွတ်လပ်စွာပြောဆို စုဝေးခွင့်ကို ပိတ်ပင်ချက်အဖြစ် ဝေဖန်ခဲ့ပါတယ်။

ဆီးရီးယားအစိုးရဟာ ကလေးတွေကို နှိပ်စက်ညှင်းပမ်းပြီး အတိုင်အခံတွေက မတိုက်နိုင်အောင် သူတို့ရဲ့ တင့်ကားတွေပေါ်မှာ ကလေးတွေကို လူသားဒိုင်းတွေ အဖြစ် သုံးနေတယ်လို့ ကုလသမဂ္ဂက စွပ်စွဲလိုက်ပါတယ်။ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဆီးရီးယားက စစ်ပွဲတွေဟာ သိတ်ကို အန္တရာယ်ကြီးလာနေပြီး နှစ်ဖက်စလုံးကို နိုင်ငံတကာ ဥပဒေတွေကို လိုက်နာကြဖို့ တိုက်တွန်းလိုက်ပါတယ်။