သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ဇူလိုင် ၆ တမိနစ် သတင်းဗီဒီယို

ဆီးရီးယားသမ္မတ အာဆတ်နဲ့ နီးစပ်တဲ့ စစ် ဗိုလ်ချုပ်တဦးဟာ အခု ဘက်ပြောင်းလို့ နိုင်ငံတွင်းက ထွက်ပြီးပြင်သစ်ကို လာနေပြီဆိုတာ ပြင်သစ်က အတည်ပြုပါတယ်၊ ပြင်သစ်မှာပဲ ဆီးရီးယားအရေး နိုင်ငံစုံ ညီလာခံကြီးတခု လုပ်နေရာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အာဆတ်ကို ထောက်ခံအားပေးနေတဲ့ တရုတ်နဲ့ ရုရှား ပေးဆပ်မှုတွေ လုပ်ရလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။

အာဂျင်တီးနားက စစ်ခေါင်းဆောင်ဟောင်း နှစ်ယောက်ဟာ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ကလေးတွေကို စနစ်တကျ ခိုးယူခဲ့မှုတွေကို စီစဉ်ကြီးကြပ်ခဲ့သူတွေ အဖြစ် တရားရုံးက ထောင်ဒဏ်တွေ ချလိုက်ပါတယ်။ ၁၉၇၆ က ၁၉၈၃ ခုနှစ်တွေအတွင်း ကလေးငယ် ၄၀၀ ကျော်ကို မိဘတွေဆီက ခိုးယူသွားမှုတွေနဲ့ Jorge Videla ကို ထောင်ဒဏ် နှစ် ၅၀ နဲ့ Reynaldo Bignone ကို ၁၅ နှစ် အပစ်ပေးလိုက်ပါတယ်။

ဟောင်ကောင် ဆိပ်ကမ်းတခုမှာ ကုတ်ကင်း ၆၅၀ ကီလိုဂရမ် ပါလာတဲ့ ကုန်သေတ္တာတလုံးကို အကောက်ခွန်အရာရှိတွေက ဖမ်းမိလိုက်ပါတယ်။ ဒီသတ္တာဟာ အီကွေဒေါနိုင်ငံက လာတာ ဖြစ်ပြီး ကာလတန်ဖိုး ဒေါ်လာသန်းတရာလောက် ရှိမယ်လို့ မှန်းထားပါတယ်၊ အမေရိကန်အကောက်ခွန်ရဲ့ သတင်းပေးမှုကြောင့် အခုလို ဖမ်းနိုင်တာလို့ ဆိုပါတယ်။