သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အာဇာနည်နေ့ကို ဘယ်လိုဂုဏ်ပြုကြမလဲ

Image caption မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း

ဇူလိုင် ၁၉ ဟာ မြန်မာ့လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်းနဲ့တကွ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးခဲ့တဲ့ ၆၅ နှစ် မြောက် အာဇာနည်နေ့ ဖြစ်ပါတယ်။ အာဇာနည်နေ့ဟာ မြန်မာ့နိုင်ငံရေး သမိုင်းမှာ ဘယ်လောက် အရေးကြီးပါသလဲ။ နှစ်ပေါင်းများစွာ မှေးမှိန်ခဲ့ရတဲ့ နေ့တနေ့မို့ ဒီခေတ်မှာ ဘယ်လို ဂုဏ်ပြုသင့်ပါသလဲ။ ဝါရင့်သတင်းစာ ဆရာကြီးနဲ့ နိုင်ငံရေး သမားကြီး ဟံသာဝတီ ဦးဝင်းတင်၊ နာမည်ကျော် ကာတွန်းဆရာ စိုးသော်တာ၊ သတင်းစာဆရာ ကိုညွန့်ဝင်း၊ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင်နဲ့ နာမည်ကျော် ဇာတ်ညွှန်းဆရာ ကိုဇော်သက်ထွေး၊ နာမည်ကျော် လူငယ် စာရေးဆရာ ကိုလင်းသိုက်ညွန့်နဲ့ ဘီဘီစီ သောတရှင်တွေက ပါဝင် ဆွေးနွေးထားကြပါတယ်။