သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

ရသ ပြတင်း အနုပညာ မြင်ကွင်း

ကျူးဘား စတိုင်လ် အော်ပရာ

ပေါက်ကွဲမှုတွေနဲ့ အနုပညာ

လဘနွန် အကျဉ်းထောင်ထဲက အနုပညာတွေကို ကြားရပါမယ်။

အမေရိကန် ပန်းချီဆရာ နေသန် ဆဝါယာ ဟာ ကလေးကစားစရာတွေကို အနုပညာ လက်ရာ အဖြစ်ဖန်တီးထားပါတယ်။ အရုပ်လုပ်ရာမှာ ဆက်စပ်ပြီး ကလေး ကစားတဲ့ ပလပ်စတစ် တုံးလေးတွေနဲ့ သူလုပ်ထားတဲ့ လက်ရာဟာ အာရှမှာခရီးဆန့်နေပါပြီ။ တိုင်ပေ ထိုင်ဝမ် မြို့တွေကိုရောက်နေပါပြီ။

လူကြိုက်များတဲ့ လက်ရာ တခုကတော့ ၆ မီတာရှည်တဲ့ တိုင်ရန် နို ဆောရပ်စ် ရုပ်တုဖြစ်ပါတယ်။ ကလေးကစားတဲ့ ပလပ်စတစ် တုံးလေး ရှစ်သောင်းနဲ့လုပ်ထားတာဖြစ်ပါတယ်။ တချို့က သိပ်ကို အံ့သြချီးမွမ်းကြပါတယ်။

xxxxxxxxxxxxxxxxxxx

လမ်းပေါ်က အော်ပရာ အဖွဲ့လို့နာမည်ပေးထားတဲ့ ကျူးဘား အော်ပရာ အဖွဲ့ဖြစ်ပါတယ်။ သူတို့ဟာ ဟားဗားနား မြို့ရဲ့ ညတွေကို ပိုမို အသက်ဝင်အောင် ဖန်တီးပေးနေပါတယ်။

ကျူးဗား ရိုးရာ အော်ပရာ အက နဲ့ လျှပ်စစ် တူရိယာတွေ ရောနှော တင်ဆက်ထားပါတယ်။

ခုတော့ လမ်းပေါ်က အော်ပရာ အဖွဲ့ဟာ သူတို့ ပုံမှန် အမြဲ ကပြသီဆို ဖျော်ဖြေဖို့ နေရာကို ရွေးချယ်လိုက်ပါပြီ။ ပလာယာ ခရိုင် ထဲက ပြဇာတ်ရုံတခုဖြစ်ပါတယ်။

xxxxxxxxxxxxxxxxxxx

ကမ္ဘာလုံးဆိုင်ရာ အငတ်ဘေး ပြဿနာ အတွက် အစားအသောက်တွေကို ဖောက်ခွဲပြတာ ဟာ သိပ်သိသာတဲ့ ဆန္ဒပြနည်း တခုပါ။ ဂျာမန် အနုပညာရှင် ဂျန်နီ မက်ကန် ရော့သ် ကတော့ ငတ်မွတ်ခေါင်းပါးမှုနဲ့ သူ့ရဲ့ စိတ်ပျက်မှုကို အနုပညာအဖြစ် တင်ဆက်ဖို့ရာ ဒီနည်းကို သုံးတယ်လို့ ဆိုပါတယ်။

ပေါင်မုန့်ကို ဖျက်ဆီးခြင်းဆိုတဲ့ ပြကွက်အတွက် ပေါင်မုန့် အလုံးပေါင်း ၁၉၀ ကို ဖောက်ခွဲ ပြသခဲ့ပါတယ်။

လူတွေအာရုံစိုက်နိုင်ဖို့ နေရာကို မြူနစ် ပန်းခြံကို ရွေးချယ်ခဲ့ပါတယ်။ ပရဟိတအဖွဲ့တွေရဲ့ စာရင်းဇယားအရ ကမ္ဘာမှာ သုံးစက္ကန့်တိုင်းမှာ ငတ်မွတ်မှုကြောင့် လူတယောက်သေဆုံးနေတယ်လို့ ဆိုပါတယ်။

ဒီပြပွဲကို ပြဖို့အတွက် လပေါင်းများစွာပြင်ဆင်ခဲ့ပေမဲ့ ပြသချိန်ကတော့ ၁၅ မိနစ်မျှသာ ဖြစ်ပါတယ်။

xxxxxxxxxxxxxxxxxxxx

ရှဟာရာ ဇိတ်ဒ်က ပြပွဲကတော့ တမူထူးပါတယ်။ သရုပ်ဆောင်တွေ အားလုံးဟာ လက်ဘနွန် အကျဥ်းထောင်ထဲက အမျိုးသမီး အကျဥ်းသား ဟောင်းတွေချည့်ပါ။

ဘေရွတ်မြို့မှာ လုပ်တဲ့ ဒီကပွဲမှာ အမျိုးသမီး အ ကျဥ်းသားတွေရဲ့ တကယ့် ဖြစ်ရပ်မှန်တွေကိုပဲ ပြဇာတ်အဖြစ် ခင်းကျင်းပြသထားတယ်လို့ ဆိုပါတယ်။

ကပွဲမှာ အကျဥ်းထောင်ထဲမှာ ရိုက်ထားတဲ့ တကယ့် ဖြစ်ရပ်မှန် ဗီဒီယို ကလစ်တွေနဲ့ တကယ့် အကျဥ်းသားဟောင်းတွေရဲ့ ကိုယ်တိုင် သရုပ်ဆောင်ချက်တွေကို ရောနှောထားပါတယ်။