သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၃ တမိနစ် သတင်းဗီဒီယို

ကုလသမဂ္ဂ အထွထွေညီလာခံက ဆီးရီးယားက အကြမ်းဖက်မှုတွေကို ရှုတ်ချလိုက်ပြီး အဲဒီအကြမ်းဖက်မှုတွေကို တားဆီးဖို့ ပျက်ကွက်တဲ့ လုံခြုံရေးကောင်စီကိုလဲ အပစ်တင်ကြောင်းမဲခွဲ ဆုံးဖြတ်လိုက်ပါတယ်၊ ဆီးရီးယားဆိုင်ရာ နိုင်ငံတကာ ကိုယ်စားလှယ် ကိုဖီအာနန်လဲ လုံခြုံရေးကောင်စီက ဆီးရီးယားအရေးမှာ ညီညီညွတ်ညွတ်မရှိလို့ သူ့အလုပ်သူ မလုပ်နိုင်ဘူးဆိုပြီး နှုတ်ထွက်မယ်လို့ ကြေငြာခဲ့ပါတယ်။

ဆီးရီးယားမှာတော့ တိုက်ပွဲတွေ ကြောင့် မနေ့က တနေ့ထဲမှာတင် လူ ၁၇၀ ကျော်သေဆုံးခဲ့တယ်လို့ အတိုက်အခံတွေက ပြောပါတယ်။ သေဆုံးသူ အများစုက ဟာမာမြို့ကဖြစ်ပြီး မြို့တော် ဒမတ်စကတ်ရဲ့ အစွန်မှာရှိတဲ့ ပါလက်စတိုင်း ဒုက္ခသည် စခန်းတခုကိုလဲ မော်တာအမြောက်ဆံတွေ ကျရောက်လို့ အဲဒီမှာ အနဲဆုံး လူ ၁၀ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကွယ်လွန်သူ အဆိုတော် မိုက်ကယ်ဂျက်ဆင်ရဲ့ သားသမီး သုံးယောက်ရဲ့ အုပ်ထိန်းသူ အဖြစ် ကလေးတွေရဲ့ အဖွား မိုက်ကယ်ဂျက်ဆင်ရဲ့ မိခင်ကို ပြန်ခန့်အပ်ဖို့ လော့စ်အိန်ဂျလိစ် တရားရုံးတခုက ဆုံးဖြတ်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတော့ အဖွားဖြစ်သူ ပျောက်နေတယ် ဆိုပြီး ကလေးတွေရဲ့ အကိုဝမ်းကွဲတယောက်ကို အုပ်ထိန်းသူ အဖြစ်ယာယီ ခန့်ခဲ့ပါတယ်။ မိုက်ကယ်ဂျက်ဆင်ရဲ့ သေတမ်းစာမှာ သူ့မိခင်ကို သူ့ကလေးတွေကို အုပ်ထိန်းဖို့ လွှဲအပ်ခဲ့တဲ့ အတွက်လဲ မိသားစုဝင်တွေ အကြား အရှုပ်အရှင်းတွေ ပိုဖြစ်နေခဲ့ပါတယ်။