သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၆ ရက် တမိနစ် သတင်း ဗီဒီယို

ဆီးရီးယားမြို့တော် ဒမတ်စကတ်က အစိုးရရုပ်သံ အဆောက်အဦးကို ဗုံးခွဲမှု ဖြစ်ခဲ့ပေမယ်လို့ ရုပ်သံ အစီအစဉ်တွေကို ဆက်လက် ထုတ်လွှင့်နေဆဲ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်မှာ သက်ရှိတွေ နေထိုင်နိုင်ချေ ရှိမရှိ သိနိုင်ဖို့ လွှတ်တင်လိုက်တဲ့ စက်ရုပ်ယာဉ်ဟာ လွှတ်တင်ပြီး ကိုးလအကြာမှာ ဂြိုဟ်ပေါ်ကို ရောက်ရှိသွားလို့ NASA က အောင်ပွဲခံခဲ့ကြပါတယ်။

အမေရိကန်ပြည်ထောင်စု၊ ၀စ္စကွန်ဆင်ပြည်နယ်က ဆစ်ခ် ဘုရားရှိခိုးကျောင်းမှာ တနင်္ဂနွေနေ့ ဘုရားဝတ်ပြုနေကြတုန်း သေနတ်သမားက ဝင်ရောက်ပစ်ခတ်ခဲ့လို့ လူခြောက်ဦး သေဆုံးခဲ့မှု အပေါ် စိတ်ထိခိုက်ကြောင်းနဲ့ တုန်လှုပ်မိကြောင်း အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန် ဆင်းက ပြောပါတယ်။