သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

၈၈၈၈ ကြောင့် အပြောင်းအလဲတွေ ဖြစ်တာလား

Image caption ၈၈၈၈ ကြောင့် ဒီနေ့ခေတ် အပြောင်းအလဲတွေ ဖြစ်တာလား

သြဂုတ်လ ၈ ရက်နေ့ဟာဆိုရင် ရှစ်လေးလုံး လူထုလှုပ်ရှားမှု အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့တာ ၂၄ နှစ်ပြည့်ပါပြီ။ လက်ရှိ အစိုးရသစ်၊ လွှတ်တော်နဲ့ ဒီကနေ့ ဒီအခြေအနေ ဒီအပြောင်း အလဲတွေဟာ လွန်ခဲ့တဲ့ ၂၄ နှစ်က ဖြစ်ခဲ့တဲ့ ရှစ်လေးလုံး လူထု လှုပ်ရှားမှု အရေးတော်ပုံကြီးရဲ့ အကျိုးဆက်လို့ ဆိုကြပါတယ်။ ဒီအဆိုကို ဘယ်လောက် အတိုင်းအတာ အထိ သောတရှင်တွေ လက်ခံပါသလဲ။

၈၈၈၈ နှစ်ပတ်လည် အထူးအစီအစဉ်မှာ သောတရှင်တွေနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းဇေယျ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦး၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက အဖွဲ့ဝင် ဦးတင်ဦး၊ ABSDF ကျောင်းသား တပ်မတော် ဥက္ကဌ ဦးသံခဲ၊ The Nation ဂျာနယ် အယ်ဒီတာချုပ် ကိုသက်ဇင်တို့က ပါဝင် ဆွေးနွေးပေးထားပါတယ်။