သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၂၀ တမိနစ် သတင်းဗီဒီယို

တောင်အာဖရိကနိုင်ငံမှာ ကြာသပေတေးနေ့တုန်းက ရဲက ပစ်လို့ မိုင်းလုပ်သား ၃၄ ဦးသေဆုံးခဲ့ရတဲ့ မိုင်းတွင်းမှာ သပိတ်မှောက် နေကြသူ အလုပ်သမားတွေ အနေနဲ့ နောက်ဆုံး သတ်မှတ်ထားချိန် အထိ အလုပ် ပြန်မဝင်ဘူးဆိုရင် အလုပ်ထုတ်ပစ် တာနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

အခုအချိန်အထိ အလုပ်သမားအနည်းငယ်သာ အလုပ်ပြန်ဝင်တာကို တွေ့ရပြီး၊ အများစုကတော့ အဲဒီလို အလုပ် ပြန်ဝင်မယ်ဆိုရင် သေဆုံးသွားသူတွေကို စော်ကားရာ ရောက်မယ် လို့ ပြောနေကြပါတယ်။

ဗြိတိန် စီးပွားရေး သမားတဦးကို သတ်မှုနဲ့ တရုတ်နိုင်ငံက သြဇာအရှိဆုံး နိုင်ငံရေးသမား ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူကိုင်လိုင်ကို ဆိုင်းငံ သေဒဏ် အပစ်ပေးလိုက်ပါတယ်။

ဂူကိုင်လိုင်က ဗြိတိသျှ စီးပွားရေးသမား နေးဟေးဝတ်ကို ပြီးခဲ့တဲ့နှစ်က အဆိပ်ခတ်ခဲ့တယ် ဆိုတာ ဝန်ခံခဲ့ပါတယ်။

ကမ္ဘာကျော် ရုပ်ရှင်တွေ ဖြစ်ကြတဲ့ Top Gun နဲ့ Crimson Tide တို့လို ကားတွေကို ရိုက်ကူးခဲ့တဲ့ နာမည်ကျော် ဟောလီးဝုဒ် ရုပ်ရှင် ဒါရိုက်တာ တိုနီစကော့တ်ဟာ လော့စ် အိန်ဂျလိစ် တံတားတခုပေါ်ကနေ ခုန်ချပြီး သေဆုံးသွားပြီ ဖြစ်ပါတယ်။

အခုလို မခုန်ချခင် ကိုယ့်ကိုယ်ကို အဆုံးစီရင်မယ်ဆိုတဲ့ စာတစောင် ထားသွားတယ်လို့ ဆိုပါတယ်။

သူ့ကို အင်္ဂလန်မြောက်ပိုင်းမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး အချိန်အများစု ကိုတော့ အမေရိကန် မှာ အလုပ်လုပ်ရင်း ကုန်လွန်ခဲ့တာ ဖြစ်ပါတယ်။