သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

သြဂုတ် ၃၁ တမိနစ်သတင်းဗီဒီယို

ရီပတ်ဘလီကင် ပါတီညီလာခံမှာ သမ္မတလောင်း မစ်ထ်ရွမ်နီက သမ္မတ အိုဘားမားဟာ သူ နိုင်ငံကို ကတိပေးထားတဲ့ အပြောင်းအလဲတွေကို မဖော်ဆောင်ပေးနိုင်သူ ဖြစ်တယ်လို့ ဝေဖန်လိုက်ပါတယ်။

စပိန်တောင်ပိုင်းမှာ တောမီးအကြီးအကျယ်လောင်နေလို့ ခရီးသွားတွေ အလာများတဲ့ မာရ်ဘဲလာမြို့နားက နေအိမ်တွေ ဟိုတယ်တွေက လူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

အင်ဒိုနီးရှား ကမ်းလွန်ပင်လယ်ပြင်မှာ တိမ်းမှောက်ခဲ့တဲ့ လှေပေါ်ပါလာတဲ့ ခိုလှုံခွင့်တောင်းခံသူတွေက သူတို့ကို သြစတြေလျ ရေယာဉ်တွေက မကယ်တင်နိုင်ခင် ရေထဲမှာ သုံး လေးရက်လောက် မျောနေခဲ့ရတယ်လို့ ပြောကြပါတယ်။