သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၇ ရက် တမိနစ်သတင်းဗီဒီယို

စက်တင်ဘာ ၆ ရက်နေ့က အမေရိကန် ဒီမိုကရက်ပါတီ ညီလာခံမှာ ပါတီရဲ့ သမ္မတလောင်း အဖြစ်တရားဝင် တာဝန်ပေးခံရတဲ့ သမ္မတအိုဘားမားက သူ့ကို နောက်ထပ်သက်တမ်းတခု ရွေးချယ်ကြဖို့ မဲဆန္ဒရှင်တွေကို ပန်ကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံ အဲ့လ်ပ်စ် တောင်တန်းဒေသမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့ အီရတ်နိုင်ငံဖွား ဗြိတိသျှနိုင်ငံသား မိသားစုရဲ့ ဖြစ်ရပ်မှာ ဆွေမျိုးတွေ အကြား ငွေကြေးအရှုတ်အရှင်းတွေ ကြောင့်လားဆိုတာ ပြင်သစ်ရဲတွေက စုံစမ်းနေပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန် နဲ့ ကွေ့ကျိုးပြည်နယ် နယ်ခြားမှာ ငလျင်တွေ ဆက်တိုက်လှုပ်သွားလို့ အနဲဆုံး လူ ၄၀ သေဆုံးခဲ့ပြီး အိမ်တွေလဲ ထောင်ပေါင်းများစွာ ပျက်စီးသွားပါတယ်။