သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၁၁ တမိနစ် သတင်းဗီဒီယို

အမေရိကန်နိုင်ငံကို အကြမ်းဖက်သမားတွေ တိုက်ခိုက်ခဲ့တာ ၁၁ နှစ်ပြည့်တဲ့ နှစ်ပတ်လည် စက်တင်ဘာ ၁၁ ရက်နေ့မှာ အဲဒီအကြမ်းဖက်မှုကို ခံခဲ့ရပြီး အသက်ရှင်ကျန်ရစ်သူတွေ ကင်ဆာ ရောဂါ အမျိုးပေါင်း ၅၀ အတွက် အခမဲ့ စောင့်ကြည့် ဆေးကုသမှု ခံယူခွင့်ရမှာ ဖြစ်တယ်လို့ ကျန်းမာရေးအရာရှိတွေက ကြေငြာလိုက်ပါတယ်။

ဆိုမာလီယာနိုင်ငံမှာတော့ တက္ကသိုလ်ဆရာ တယောက်ဖြစ်တဲ့ဟာဆန်ရှိတ် မိုဟာမက်ကို သမ္မတအဖြစ်ရွေးချယ်လိုက်ကြပါတယ်။

ကင်ညာနိုင်ငံမှာတော့ လူမျိုးစု အုပ်စုတွေ အကြား အကြမ်းဖက်တိုက်ခိုက်မှုတွေ ဆက်ဖြစ်နေလို့ လူပေါင်း ၃၈ ယောက် အသက်ဆုံးခဲ့ရအပြီးမှာ အစိုးရက တာနာ မြစ်ဝှမ်းဒေသမှာ ညမထွက်ရ အမိန့်ထုတ်ပြန် ထား လိုက်ပါတယ်။