သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၁၃ ရက် တမိနစ် သတင်းဗီဒီယို

အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာအမေရိကန် သံရုံး အပြင်ဘက်က စလိုက်တဲ့ အထိကရုန်း တွေဟာ တဟီရာ ရင်ပြင် အထိပါ ပြန့်နှံ့ သွားခဲ့လို့ ခဲတွေနဲ့ ပေါက်နေကြတဲ့ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယို ဗုံးတွေသုံးပြီး ထိန်းခဲ့ရပါတယ်။

ယီမင်နိုင်ငံက ဆာနာ မြို့တော်မှာ ဆန္ဒပြသူတွေက အမေရိကန် သံရုံးကို ဝင်စီးနိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။

ကမ္ဘောဒီးယား နိုင်ငံမှာတော့ အရင် ခမာနီ ခေါင်းဆောင်ဟောင်း ယန်းဆာရစ်ကို အစုလိုက်အပြုံလိုက် လူသတ်မှုအတွက် တရားဆိုင်နိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့ အဲဒီကိစ္စတွေကို စစ်ဆေးတဲ့ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။