BBC navigation

တရုတ်မှာ ဂျပန် ဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 17:13 GMT
  • စက်တင်ဘာ ၁၇ ရက်နေ့က ဘေဂျင်းမှာ ရှိတဲ့ ဂျပန် သံရုံးရှေ့မှာ တရုတ်ဆန္ဒပြသူတွေက ဂျပန်ခွေးတွေကိုသတ်၊ ငါတို့ ကျွန်းကိုပြန်ပေးဆိုတဲ့ စာတန်းတွေကိုင်ဆောင် ချီတက်ခဲ့ကြ။
  • ဂျပန်သံရုံးရှေ့ကို တရုတ်အလံ လွှင့်ထူရင်းရောက်လာတဲ့ တရုတ်ဆန္ဒပြသူတွေက ဂျပန်ဆန့်ကျင်ရေး ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြ။ တနင်္ဂနွေနေ့က တခြားမြို့တွေမှာ ဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေမှာတော့ အကြမ်းဖက်မှုတွေ ဖြစ်ခဲ့လို့ ရဲက လူစုခွဲခဲ့ရ။
  • စက်တင်ဘာ ၁၆ ရက်နေ့က ဂျပန်နဲ့ တရုတ် သူပိုင် ကိုယ်ပိုင် အငြင်းပွားနေတဲ့ ကျွန်းတွေနားက ရေပြင်မှာ တွေ့ရတဲ့ တရုတ် ငါးဖမ်းလှေတွေ။
  • တိုကျိုမြို့မှာ ရောက်ရှိနေတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီး လီယွန် ပင်နက်တာက ဂျပန်အရာရှိတွေနဲ့ ဆွေးနွေးအပြီးမှာ တရုတ်နဲ့ နယ်မြေအငြင်းပွားမှုတွေ မဖြေရှင်းနိုင်ရင် အာရှမှာ စစ်ပွဲတွေ ဖြစ်လာနိုင်စရာ စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ပြောလိုက်ပါတယ်။
  • ဂျပန်မှာ တပ်ချထားတဲ့ အမေရိကန်စစ်သားတွေနဲ့ တွေ့ဆုံနေတဲ့ ကာကွယ်ရေးဝန်ကြီး ပင်နက်တာက အမေရိကန် ဒုံးကျည်ကာကွယ်ရေး စနစ်တခု ဂျပန်မှာ ဖြန့်ချထားမယ်လို့ ပြောခဲ့ပါတယ်။ ဒါဟာ မြောက်ကိုရီးယားရဲ့ ဒုံး အန္တရာယ်ကို ကာကွယ်ဖို့လို့ ဆိုပေမဲ့ သုံးသပ်သူ တချို့ကတော့ တရုတ်ရဲ့ စစ်အင်အား တိုးချဲ့မှုကို တန်ပြန်တဲ့ လုပ်ရပ်လို့လဲ ဆိုကြပါတယ်။
  • ဂျပန် ပစ္စည်းတွေ အများအပြားရောင်းချတဲ့ တရုတ်က ပိုးလမ်းမမှာ ကပ်ထားတဲ့ ဂျပန်ဆန့်ကျင်ရေး ပိုစတာ တခု၊ ဂျပန်က ဆင်ကာကု လို့ခေါ်ပြီး တရုတ်က ဒိုင်အိုယုလို့ခေါ်တဲ့ အရှေ့တရုတ်ပင်လယ်ထဲက ကျွန်းစုကို သူပိုင် ကိုယ်ပိုင် အငြင်းပွားမှုနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ဆက်ဆံရေးတွေ တင်းမာနေခဲ့။
  • ရှန်ဟိုင်းမြို့က တရုတ် ကောင်စစ်ဝန်ချုပ်ရုံးနားက ဂျပန် စားသောက်ဆိုင်တခုရဲ့ ဆိုင်းဘုတ်ကို အလုပ်သမားတွေက ဖုံးနေစဉ်၊ စက်တင်ဘာ ၁၈ ရက်နေ့မှာ ဆန္ဒပြပွဲကြီးတွေ လုပ်မယ်လို့လဲ နှိုးဆော်မှုတွေရှိနေ။
  • ဂျပန်နိုင်ငံမှာလည်း ဘူတာရုံတွေနဲ့ ရထားလမ်း စင်္ကြန်တွေပေါ်မှာ ဂျပန်အလံ ကိုင်ဆောင်သူတွေက ကျွန်းစုတွေဟာ ဂျပန် ပိုင်နက်ထဲက ဖြစ်တယ်ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင် ဆန္ဒပြခဲ့ပါတယ်။
  • တရုတ် ဆန္ဒပြပွဲတွေမှာတော့ ဂျပန်ကားတွေ မီးရှို့၊ ဂျပန်ဆိုင်တွေ ဖျက်ဆီးခံခဲ့ရပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။