သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

စက်တင်ဘာ ၂၁ တမိနစ်သတင်းဗီဒီယို

အမေရိကန်နိုင်ငံမှာ ရိုက်ကူးခဲ့တဲ့ အစ္စလာမ် ဘာသာကို စော်ကားတယ်လို့ဆိုတဲ့ ဗီဒီယိုကားကို ပါကစ္စတန်နိုင်ငံမှာ သောကြာနေ့က အကြမ်းဖက် ကန့်ကွက်မှုတွေ လုပ်ခဲ့လို့ ဆန္ဒပြသူတွေနဲ့ ရဲတွေ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သုံးနှစ်က အမေရိကန်သမ္မတ အိုဘားမားက အာဖဂန်နစ္စတန်ကို ထပ်တိုး စေလွှတ်ခဲ့တဲ့ တပ်ဖွဲ့အင်အား သုံးသောင်းသုံးထောင်အထဲက နောက်ဆုံးအသုတ်ကို အမေရိကန်က ပြန်ခေါ်ထုတ်ခဲ့ပြီ ဖြစ်ပါတယ်။

အက်ပဲကုမ္ပဏီရဲ့ နောက်ဆုံးထုတ် အိုင်ဖုန်း၅ ကို ကမ္ဘာတဝန်းစတင်ရောင်းချလိုက်ပါပြီ။