သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။

အလုပ်လက်မဲ့ ပြဿနာ

Image caption အထည်ချုပ်စက်ရုံ အလုပ်သမားများ

မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ ဖြစ်နေသူ လူငယ်တွေ အများအပြား ရှိနေကြတယ်လို့ ကော့မှူး မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

ဒီလို လူငယ်တွေရဲ့ အလုပ်လက်မဲ့ ပြဿနာနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ မိမိရဲ့ မဲဆန္ဒနယ်မှာ ဘာတွေ ဆောင်ရွက်ပေး နိုင်ပါသလဲ။

လွှတ်တော်ကိုယ်စားလှယ်တွေ ဘာတွေ ဆောင်ရွက်ပေးတာကို မဲဆန္ဒရှင် သောတရှင်တို့ အနေနဲ့ လိုလားပါသလဲ။

စက်တင်ဘာ လ ၂၅ ရက် လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ သောတရှင်တွေနဲ့ အတူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်လှည်းကူးမြို့နယ် ကိုယ်စားလှယ် ဦးဖြိုးမင်းသိန်းနဲ့ ထားဝယ်ခရိုင် ရေဖြူမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝင်းဦး တို့ ပါဝင်ဆွေးနွေး ထားကြပါတယ်။