BBC navigation

မြန်မာ့ အရေး ကမ္ဘာ့ အရေး

နောက်ဆုံး ရေးသားချိန် 12 အောက်တိုဘာလ 2012 - 15:57 GMT

မီဒီယာ ပလေးယား

စစ်အစိုးရလက်ထက် လူ့အခွင့်ရေးကိစ္စ ဘယ်လိုဖြေရှင်းကြမလဲ

နားထောင်ရနmp3

ဒီမီဒီယာကို ဖွင့်၍မရပါ

တခြား Media Player ဖြင့် ဖွင့်ပါ

သမ္မတ ဦးသိန်းစိန်နဲ့ ဘီဘီစီတွေ့ဆုံမေးမြန်းရာမှာ အရင်စစ်အစိုးရလက်ထက် လူ့အခွင့်အရေးချိုးဖေါက်မှု မှတ်တမ်းတွေကို လက်ရှိအစိုးရက တာဝန်ယူမလားလို့ မေးခဲ့ပါတယ်။ အဲဒီအခါမှာ အရင်အစိုးရက တိုင်းပြည်အတွက် ဖြေရှင်း ဆောင်ရွက်မှုတွေဟာ သူ့အပိုင်းနဲ့သူဖြစ်တယ် သူနဲ့မဆိုင်ဘူး သူ့အပိုင်းကတော့ တိုင်းပြည်မှာ ဒီမိုကရေစီကျင့်သုံးဖို့ ရှင်သန်ဖို့ဖြစ်တယ်လို့ သမ္မတက ဖြေသွားပါတယ်။ ဒီတော့တိုင်းပြည်မှာ အမျိုးသားပြန်လ ည်ရင်ကြားစေ့ရေး လုပ်တဲ့အခါမှာ အတိတ်က ပြဿနာတွေကိုရော ကိုင်တွယ် ဖြေရှင်းဖို့ ဘယ်လောက်လိုအပ်သလဲ မလိုအပ်ဘူးလား ပြောကြဆိုကြမှာပါ။ ကြံ့ခိုင်ရေးပါတီ ချောင်းဦးမြို့နယ် လွှတ်တော်အမတ် ဦးစောလှထွန်း ဥပဒေပညာရှင် ဦးအောင်သိန်းနဲ့ လူ့အခွင့်အရေး ပညာပေးရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းတို့က ဦးမောင်မောင်သန်းနဲ့အတူ ဆွေးနွေးထားပါတယ်။

Multimedia

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။